THOUSANDS OF FREE BLOGGER TEMPLATES


Monday, July 30, 2007

ဝါဆိုလပြည့်ကျော် ၁ ရက်

သက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့မှာ လောကထွဋ်ခေါင် သဗ္ဗညုမြတ်စွာဘုရားဟာ မာရ်ငါးပါးကို အောင်မြင်တော်မူပြီး ဘုရားအဖြစ်ကို ရောက်တော်မူခဲ့ပီး အဲဒီနှစ်မှာပဲ ၀ါဆိုလပြည့် စနေနေ့ ညချမ်းအချိန်အခါမှာ မိဂဒါဝုန်တောမှာ အတူတကွ သီတင်းသုံးခဲ့ဘူးတဲ့ အလုပ်အကျွေးပြုခဲ့သူ ပဉ္စ၀ဂ္ဂီငါးဦးတို့ကို ဓမ္မစကြာတရားဦးရတနာတော်ကို ဟောကြားတော်မူခဲ့တယ်။ တရားတော်အဆုံးမှာ အရှင်ကောဏ္ဍညသည် ဥာဏ်အလင်းပေါက်ပြီး သောတပန်အရိယာ အဖြစ်ကိုရောက်ခဲ့တယ်။ အရှင်ဝပ္ပ၊ အရှင်ဘဒ္ဒိယ၊ အရှင်မဟာနာမ်၊ အရှင်အဿဇိ တို့ကတော့ ၀ါဆိုလပြည့်ကျော် ၁ ရက်နေ့ မှစ၍ ၄ ရက်နေ့ထိ တစ်ရက်တစ်ပါး အစဉ်အတိုင်း တရားထူးရကြပြီး သောတပန်အရိယာတွေ ဖြစ်သွားကြတယ်။

အဲဒီလို သောတပန် ဖြစ်တော်မူကြတဲ့ ပဉ္စ၀ဂ္ဂီငါးဦးတို့ဟာ သောတာပတ္တိမဂ်ဖြင့် အတ္တဒိဋ္ဌိ ပယ်ခွာပြီးပြီဖြစ်လို့ အတ္တဒိဋ္ဌိဆိုတဲ့ စွဲလမ်းမှုတွေ မရှိတော့ပေမယ့်လည်း ဒိဋ္ဌိနဲ့ အလားသဏ္ဍာန်တူတဲ့ မာန်မာန အစွဲလေးတော့ ရှိနေသေးတယ်တဲ့။ ဒါ့အပြင် တွဲလျက် တဏှာစွဲကလည်း ပါရှိနေပြန်တယ်။ အပါယ်လေးပါးကို ရောက်စေနိုင်တဲ့ ကြမ်းတမ်းတဲ့ မာန၊ တဏှာတို့ဟာ သောတာပတ္တိမဂ် ပယ်သည့်အထဲ ပါသွားပေမယ့်လည်း သိမ်မွေ့တဲ့ မာန တဏှာတို့ ကျန်ရှိနေသေးတယ်လေ။

ဒါကြောင့် ဘုရားရှင်က ပဉ္စ၀ဂ္ဂီအရှင်မြတ်များနဲ့ တရားနာ နတ်ဗြဟ္မာများပါ ကျန်နေသေးတဲ့ မာန၊ တဏှာတို့ ပြုတ်စေဖို့ အတွက် “အနတ္တလက္ခဏသုတ်” ဒေသနာတော်ကို ၀ါဆိုလပြည့်ကျော် ၅ ရက်နေ့မှာ ဟောကြားတော်မူတယ်။ “အနတ္တလက္ခဏသုတ်” ဒေသနာတော်ကို ဟောကြားပြီးတဲ့ အဆုံးမှာ ပဉ္စ၀ဂ္ဂီငါးဦးတို့ဟာ ရဟန္တာ အဖြစ်ကိုရောက်ကုန်ကြတယ်။ ပဉ္စ၀ဂ္ဂီငါးဦးတို့ဟာ ဘုရားရှင် ဗုဒ္ဓ ဂေါတမရဲ့ သာသနာတောမမှာ ရှေးဦးစွာ ရဟန္တာ ဖြစ်ကြသူများ ဖြစ်တယ်။ ၀ါဆိုလပြည့်ကျော် ၅ ရက်နေ့ဟာ လူသားငါးဦး ရှေးဦးစွာ ရဟန္တာ ဖြစ်တဲ့နေ့ဖြစ်တာကြောင့် “ရဟန္တာနေ့” လို့ မော်ကွန်းတွင်ခဲ့လေတယ်ကွယ်။

ဒီအချက်အလက်တွေကို ၂၉ ရက်နေ့ထုတ် ရတနာပုံ အချပ်ပို သတင်းစာဆောင်းပါးလေး ကနေ ကိုးကားထားတာပါ။ ပြောသာပြောတာပါ… အားလုံးက သိပီးသားပဲဖြစ်မှာပါ။ အခု ပြောပြမှာက မန်းလေးမြို့ရဲ့ ၀ါဆိုပွဲတော်လေးအကြောင်းပါ။ ၀ါဆိုလပြည့်ကျော် ၁ ရက်နေ့ဆိုရင် ဘုန်းကြီးကျောင်းတွေမှာ အရမ်းကို စည်ကားပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်နဲ့ဆိုင်ရာဆိုင်ရာကျောင်း ( ကိုးကွယ်တဲ့ကျောင်း ) မှာ မုန့်တွေကျွေးတယ်။ ( အရမ်းပျော်ဖို့ကောင်းတယ်.. ) အလှူရှင်မရှိတဲ့ကျောင်းဆိုရင်လည်း ကျောင်းကကျွေးတယ်။ ဒါဟာ တစ်နှစ်မှ တစ်ခါသာ ကြုံရတဲ့ ၀ါဆိုပွဲလေးပဲဖြစ်ပါတယ်။ ၀ါဆိုသင်္ကန်း၊ ၀ါဆိုပန်းလေးတွေကိုင်ပီး ကိုယ့်မိတ်ဆွေတွေရဲ့ကျောင်း၊ ကိုယ်ကိုးကွယ်တဲ့ကျောင်း အဲ့လို နီးစပ်ရာကျောင်းတွေကို တစ်ကျောင်းပီး တစ်ကျောင်း သွားပီးမုန့်တွေစားကြတယ်။ ငယ်ငယ်ကတော့ ဒီလိုဝါဆိုလပြည့်ကျော် ၁ ရက် နေ့ရောက်ရင် လူစုံတက်စုံလျှောက်လည်ပီး မုန့်မျိုးစုံ အလျှံပယ်စားရလို့လေ…ဟိ..ဟိ..။

မဟာနန္ဒိသေနာရာမကျောင်းတိုက် မှာ နာနတ်သီး၊ ဌက်ပျောပေါင်း၊ လက်ဘက် အစုံအစုံကျွေးတယ်။ ဟဲ…ဟဲ… အဲ့ဒီ ကျောင်းကနာမည်ကြီးတာ “ဒညင်းသီးအုန်းနို့ဆမ်း” ပဲ။ နှစ်တိုင်း “ဒညင်းသီးအုန်းနို့ဆမ်း” ပါပေမယ့် မကျွေးတာ ၂ နှစ် ရှိပီ။ (အသေအချာကို မှတ်ထားတာ..ဟိ..ဟိ..) လာတဲ့ဧည့်သည်တွေကလည်း ဘုန်းဘုန်းကို “ဒညင်းသီးအုန်းနို့ဆမ်း” ပါဖူးလားလို့ မေးနေကြတယ်။ ဘုန်းဘုန်းက ဒီနှစ်လည်း မပါဖူးးလို့ပြောပီး ရီနေတယ်။

နောက်တစ်နေရာကတေ့ ညောင်ကန်ကျောင်းတိုက် အဲဒီမှာ အုန်းနို့ခေါက်ဆွဲကျွေးတယ်။ အုန်းနို့ခေါက်ဆွဲ အိုးကြီးလဲ အမှတ်တရ....

မုန့်ထဲ့ တဲ့နေရာကိုလဲ အလွတ်မပေးဖူးးးး ...

ကလေးတွေ အားပေးနေကြတာ သဘောကြလို့ မှတ်တမ်းတင် ဓါတ်ပုံရိုက်ပီးတင်လိုက်တယ်… ခွိ..ခွိ…

နောက်တစ်နေရာက ထူးထူးခြားခြား Made in Burma မုန့်မျိုးစုံ ကျွေးတဲ့ ဓမ္မိကာရာမ ကျောင်းတိုက်က ရှမ်းကိုယ်တော်ကျောင်း ကိုရောက်တော့ ၀မ်းသာအားရ ဓါတ်ပုံရိုက်လာခဲ့သေးတယ်။ အဲဒီကျောင်းက အလှူရှင်ကျွေးတာ မှုတ်ပဲနဲ့ ဦးပဉ္စင်းကိုယ်တိုင် ကျွေးတာပါ။ မုန့်တွေလျော့ရင် ထပ်ထပ်ထဲ့ပေးနေတော့ နောက်ဆုံး ဂျူဂျူး တို့တောင် မစားနိုင်တော့လို့ လက်လျှော့ယူရတဲ့အထိပဲ…. အဟိ…အဟိ…. :P

အဲဒီကျောင်းကနေအပြန် ဗိုက်ကိုတင်းပီး အိမ်ကိုပဲ တန်းပြန်လာခဲ့ကြတယ်။ ( အဟိ.. တော်တော်တီးခဲ့ကြတာ ) ။ ညနေ ၅ နာရီလောက်ရောက်တော့ စမ်းမြ၀တီ စာသင်တိုက်ကို ဆက်လက်ချီတက်ခဲ့ကြသေးတယ်။ မုန့်ဟင်းခါးသွားစားကြတာ။ ဂျူဂျူး တို့တွေရောက်သွားတော့ နောက်ကျနေပီ ကျောင်းဝင်းတံခါးတောင် ပိတ်သွားပီ.. ဒါပေမယ့် ဘုန်းဘုန်းက တပည့်အရင်းတွေထဲက ၂ ဖွဲ့ တောင်မလာသေးလို့ ချန်ထားခိုင်းတယ်တဲ့။ အပြန် ပါဆယ်တောင် ထဲ့ပေးလိုက်သေး… ဟိ…ဟိ…

အင်းးး… မန်းမြေကို တစ်ခါတစ်ခေါက် အလည်ရောက်လို့ ဂျူဂျူးဆီ လည်လည်လာမယ်ဆိုရင် ၀ါဆိုပွဲကို အမှီလာခဲ့နော် …. တ၀တပြဲကို လိုက်ကျွေးအုံးးးးမှာ… အဟ…ဟ… ဟ… ။ မန်းလေးမြို့ရဲ့ ချစ်ဖို့ကောင်းတဲ့ ၁၂ ရာသီပွဲတော်တွေ လဲများကြီးရှိသေးတယ်..။ ဒါတွေကိုတော့ နောက်ကြုံမှပေါ့နော်.. =P

ဒါက ရှမ်းကိုယ်တော်ပုံပါ...။

ထန်းသီးမုန့် စားလို့ ကောင်းမှကောင်း

မုန့်ဖတ်ထုတ်… အင်းး… နုအိနေတာပဲ… :P

ထိုးမုန့် … ဒါကတော့ မန်းလေးမုန့်ပဲလေ…

မုန့်ဆီကြော်… မစားရတာကြာလို့လားသိဖူးးး စားလို့သိပ်..သိပ်..ကောင်း

ဌက်ပျောပေါင်းးး ချိုပီး စိမ့်နေတာပဲ..

ဒညင်းသီး အုန်းသီးဖတ်ဆမ်း ဟိ…ဟိ.. အုန်းနို့ဆမ်းမှုတ်ဖူးး

မုန့်သြဇာ တဲ့… ခုမှ စားဖူးးတာ… ချိုချိုလေးပဲ… ဒါစားရင် သြဇာအာဏာငြောင်းတယ်တဲ့နော် =P

ဒါကတော့ ပွဲတိုင်းကျော်… မပါမဖြစ် လက်ဖက်ပေါ့… =P

ဒါက ဌက်ပျောသီး ( ဟိ..ဟိ.. သိပီးသားမလား.. ) ချိုမှချို..


ကဲ.... ဗိုက်လဲတင်းသွားပီ ဟုတ်..?? ဒီမှာခဏရပ်အုံးမယ်နော်..








Monday, July 23, 2007

ကြံကြံဖန်ဖန် ရန်ကုန်သူ နဲ့ မန်းလေးသူ


ကိုအံ့ကြီး ဆိုထားတဲ့ သီချင်းလေး ဒီမှာ Download ယူလို့ရဒယ်...

စိုးစန္ဒာထွန်း ဆိုထားတဲ့ သီချင်းလေးကိုတော့ ဒီမှာ Download ယူလို့ရပါ...

ကြံကြံဖန်ဖန် ရန်ကုန်သူ
ဘုရားဖူးလာတဲ့ ရန်ကုန်သူ.. ရယ်..
မန္တလေးသွားလို့ အသားမည်းပြန် သတဲ့ဆို…။

ဒီသီချင်းလေးကို ကြားလိုက်တာနဲ့ မန်းလေးမြို့ကြီး နွေရာသီမှာ နေဘယ်လောက်ပူတယ်ဆိုတာ လာကြည့်ဖို့မလို ၊ ဒီစာသားလေး ကြားလိုက်ယုံနဲ့ သိနိုင်အောင် ရေးစပ်သီကုံးထားတာ။ ဒါကြောင့်မို့လဲ မန်းသူ၊ မန်းသား ပါလို့ပြောလိုက်ရင် အရင်ဆုံး အသားမည်းမှာဘဲလို့ တန်းပြီးပုံဖော်ကြည့်တာ ဒီသီချင်းကြောင့်များလား သိဖူး။ ဤမျှ ပူပြင်းလှတဲ့ မန္တလေးမြို့ နွေနေပူကြီးကို မန်းသူ၊ မန်းသား တွေကိုယ်တိုင်လည်း ဘယ်လိုပုံသဏ္ဍာန်မျိုးစုံနဲ့ အံတုလို့ ကျော်ဖြတ်ကြပါသလိမ့်နော်…။

ဟိုနား၊ ဒီနား သွားရင်တောင် စက်ဘီး ဒါမှဟုတ် ဆိုင်ကယ်လေးစီးပီး သွားတတ်ကြတာ မန်းလေးမြို့ရဲ့ အလေ့အကျင့်တစ်ခုလို ဖြစ်နေပါတယ်။ ခြေကျင် လမ်းလျှောက်သွားတဲ့သူ အချို့ကိုကြည့်ရင်တောင် ထီးဆောင်းသူခပ်ရှားရှား။ ဟိုးအရင် တစ်ခေတ်တစ်ခါတုန်းကတော့ မန္တလေးမြို့ဟာ စက်ဘီးမြို့တော် ဖြစ်ခဲ့တယ်လေ။ ခေတ်ကာလတွေ ပြောင်းလဲလာတော့ စက်ဘီးကနေ ဆိုင်ကယ်အသွင်ပြောင်းလို့ ဆိုင်ကယ်မြို့တော် ဖြစ်သွားပြန်ပီပေါ့။ တရုတ်ဆိုင်ကယ်တွေ အ၀င်များလာတာနဲ့အမျှ ဆိုင်ကယ်စီးသူ ဦီးရေတစ်ဖြည်းဖြည်း တိုးပွားလာပြန်တယ်။ ဆိုင်ကယ်က စက်ဘီးထက် ခရီးပိုတွင်သလို ကားထက်လည်း စရိတ်ပိုသက်သာတယ်လေ။ ( ဓါတ်ဆီဈေးကလည်း မိုးပျံဖူဖောင်း အလားပဲ )။ ရန်ကုန်မြို့လို မြို့ကြီးမှာတော့ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ တွေအတွက် အဲယားကွန်းဘတ်စ်ကား ( လေအေးမအေးတော့ သိဖူး )တွေ၊ မြို့ပတ်မီးရထားတွေ နဲ့အဆင်ပြေပေမယ့် မန်းကကျောင်းသူ၊ ကျောင်းသားတွေ အတွက်ကတော့ ဆိုင်ကယ်က ပိုပြီးခရီးတွင်တယ်။ ကျောင်းသူ၊ ကျောင်းသားတွေ အပြင် ဆေးကုမ္ပဏီ က၀န်ထမ်းတွေလည်း ဆေးဆိုင်တစ်ဆိုင်ပြီးတစ်ဆိုင် ၊ ဆေးရုံတစ်ရုံပြီးတစ်ရုံ ကူးချည်သန်းချည် သွားလာတဲ့အခါမှာလည်း ဆိုင်ကယ်ဆိုပို အဆင်ပြေသလို၊ လူကြီး၊ လူငယ် အရွယ်မရွေးလည်း အသုံးပြုလို့လဲလွယ်တယ်လေ။ အဲဒီတော့ ဘတ်စ်ကားကို အားထားပီး ခရီးမသွားတတ်ကြတဲ့ မန်းသူ၊ မန်းသားတွေ ဘာ့ကြောင့် အသားညိုလဲဆိုတာ နည်းနည်းတော့ သဘောပေါက်သွား လောက်ပီနော်..။ ဒါပေမယ့် နေပူကြီးထဲမှာ အမိုးအကာမပါပဲ သွားလာနေတော့ အသားရေ နေလောင်ပီး အရေပြားကို ထိခိုက်စေနိုင်တာမို့ အပြင်သွားတိုင်း မပါမဖြစ် သယ်သွားတတ်တာကတော့ “ အင်္ကျီလက်ရှည် ” တစ်ထည်ပဲလေ( နွေ၊ မိုး၊ ဆောင်း သုံးရာသီစလုံးပဲ ) ။ တစ်ခါတစ်လေ အဲဒီ “ အင်္ကျီလက်ရှည် ” ကြီးကို တစ်ထပ် ထက်ဝတ်ရတာ စိတ်ပျက်မိပေမယ့် မ၀တ်ပဲ သွားပြန်ရင်လည်း မီးဖိုနားမှာ ငုတ်တုတ်ထိုင်ပီး မီးကင်ခံနေရသလို ပူလွန်းတော့လည်း ၀တ်သွားရတာပဲ…။ ကျောင်းရောက်တဲ့အခါ အဲဒီ အနွေးထည်ကို ကျောပိုးအိတ်ထဲ ထည့်ထားလိုက်ရတာတော့ အဆင်ပြေပါတယ်။ ဒါပေမယ့် ရှိုးအပြည့်နဲ့ လျှောက်လည်သွားတဲ့ အခါ အဲဒီ “ အင်္ကျီလက်ရှည် ” ကြီး ကိုထည့်စရာမပါတော့ ခါးမှာစီးပလိုက်ရတယ် ( အဲဒါ ချတိုင်ထုတ်တာမှုတ်ဖူးးး ဥစ္စာခြောက်တာ … ဟိ..ဟိ.. ) ကြုံဖူးကြမယ်ထင်တယ်..။ :P အခုတော့ အဲဒီ ဒုက္ခကင်းဖို့ နည်းလမ်းတစ်ခုရထားတယ်။ ဟင်းချက်တဲ့ အခါမှာသုံးတဲ့ ( ကိုရီးယားကားထဲမှာ မြင်ဖူးတယ် ) လက်အိတ်အရှည်လေး…။ တစ်ချို့ကတော့ ပန်းချီဆွဲတဲ့ အခါမှာ ဆေးစက်တွေ မပေအောင်လို့ အဲဒီလက်အိတ်လေးကို သုံးတာလဲ တွေ့ဖူးတယ်။ အဲ… ဂျူဂျူးကတော့ နေပူထဲ သွားရတဲ့အခါ နေပူဒဏ်ကာကွယ်ဖို့ အတွက်သုံးပလိုက်တယ်။ ကားတွေမှာလည်း လိုက်ကာတွေ၊ စတစ်ကာပါးပါးလေးတေ တပ်ခွင့်မပေးတော့ ( ချွင်းချက်။ ။ မှန်မည်းမည်းကြီးဒွေ တတ်ထားတဲ့ကားဒွေမပါ ) ကားမောင်းတဲ့ အခါမှာလည်း ညာဘက်လက် ( ကားတံခါးဘက်အခြမ်းက ) နေပူနေတတ်တယ်။ ဒါကြောင့် ညာဘက်လက်တစ်ခြမ်းက ဘယ်ဘက်လက် တစ်ခြမ်းနဲ့ယှဉ်ရင် ပိုမည်းနေတယ်လို့ ကြံကြံဖန်ဖန် ပြောတတ်တဲ့သူတွေ( တစ်ကယ်ရှိတယ် အဒူလည်းလို့ မေးနဲ့ … ဟိ..ဟိ.. ) လည်း သဘောကျမှာပါ။ အဲဒီလက်အိတ်လေးကို City Mark ရဲ့ မီးဖိုချောင်သုံး အ၀တ်အထည်တန်းမှာ တွေ့လိုက်ရတော့ စိတ်ကူးရပီး ၀ယ်လာခဲ့တာ။ ( အဲဒါကြော်ငြာဒါမှုတ်ဖူးး… လမ်းညွှန်ပေးဒါ… =P ) ….. လက်အိတ်လေးက တံထောင်ဆစ် ကျော်ကျော်လောက်ပဲ ရှိတာမို့ အင်္ကျီလက်ပြတ် ၀တ်တဲ့သူတွေအတွက်တော့ လက်မောင်းရင်းထိ တော့မလုံနိုင်ဖူး။ ဒါပေမယ့်လည်း စိတ်မပူပါနဲ့။ လက်အိတ်ပုံစံလေးကို ကြည့်ပီး ကိုယ့်အတိုင်းနဲ့ကိုယ် ချုပ်မယ်ဆိုရင်လည်း အဆင်ပြေနိုင်တာပဲလေ။

သြော်..ပြောအုံးမယ်… မန်းလေးမှာလေ.. ဖုန်တွေ သဲတွေပေါတော့ mask လေးအုပ်ပီး ဆိုင်ကယ်စီးကြတာ မြင်ဖူးတယ်ဟုတ်။ အစပိုင်းတော့ အဲဒီလို mask အုပ်ပီး ဆိုင်ကယ်စီးတာကို ဘာမှမပြောပေမယ့် နောက်ပိုင်းတော့ ( မော်တော် ) ပီကေတွေက ဖမ်းတယ်။ ဘာကြောင့်လဲဆိုတော့ မသမာသူတစ်ချို့က အဲဒီ mask ကို နေဒဏ်ကာကွယ်ပစ္စည်းအဖြစ် မသုံးကြဘဲ လုယက်တဲ့အခါမှာ မျက်နှာကို ကွယ်တဲ့ပစ္စည်း အဖြစ်အသုံးချလာလို့ပဲ။ လမ်းလျှောက်နေတဲ့သူတွေ၊ စက်ဘီးနဲ့သွားတဲ့သူတွေ အပြင် ဆိုင်ကယ်အချင်းချင်းကိုတောင် ဆွဲကြိုးဖြတ်ပြေးမှု၊ ပစ္စည်းလုယက်မှု စတဲ့ ရာဇ၀တ်မှုတွေအထိ ဖြစ်လာတယ်။ အဲဒီကစလို့ mask အုပ်ပီးစီးတဲ့သူတွေ သိပ်မတွေ့ရတော့ဖူး။ ဒါကြောင့် ဒီ post ကိုတင်မယ်လုပ်တော့ မဆီမဆိုင် အဲ့ဒါတွေစဉ်းစားမိပီး ဖြစ်ပါ့မလားလို့ တွန့်နေသေးတယ်။ အင်း…. သုံးတတ်ရင် “ ဆေး ”… မသုံးတတ်ရင် “ ဘေး” …ပဲလေ… ။ နောက်ဆုံးတော့လဲ ဒီလက်အိတ်လေးကတော့ အဆင်ပြေလိမ့်မယ်ထင်ပါတယ် ဆိုပီး post တင်လိုက်တာ… ။ ဆိုင်ကယ်စီးပီး လည်လည်သွားတဲ့အခါ ရှိုးအပြည့်နဲ့ အဆင်သင့်ဖြစ်ခါမှ “ အင်္ကျီလက်ရှည် ” ကြီးထပ်ဝတ်ဖို့အတွက် စိတ်ညစ်ရသူ ဂျူဂျူး အတွက်ကတော့ ပေါ့ပေါ့ပါးပါး ဒီလက်အိတ်လေးနဲ့ အဆင်ပြေသွားပီ။ သိမ်းဖို့အတွက်လဲ မပူရတော့ဖူး။ ကြွပ်ကြွပ်အိတ်လေးထဲထဲ့ ဆိုင်ကယ်ဖင်ထိုင်ခုံအောက်မှာ ညှပ်ထဲ့ထားလိုက်ရုံပဲ။ အင်္ကျီလောက်ကြီးလဲ မထူတော့ ထည့်ထားခဲ့လို့ရတာပေါ့။ ကဲ… ဒါဆိုရင်တော့ မန်းလေးသူတွေလည်း ရန်ကုန် အင်းယားကန်က ရေတွေ စည်လိုက်သယ်လာပီး ရေချိုးဖို့လိုတော့ဖူးး… တန်ဆာခ ၃၀၀ ကျပ် ဆိုတာကလည်း Long Long ago ကဆိုထားတာ။ မန္တလေးကို ဘုရားဖူးလာလည်တဲ့ ရန်ကုန်သူတွေလည်း အသားမည်းသွားလို့ ရွှေဘိုသနပ်ခါးတုံး တွေတကူးတက၀ယ် လိမ်းဖို့ မလိုတော့ဖူး။ ရာသီမရွေးလာလည်လို့ရပီ။... ( ဟ..ဟ..ဟ.. ပိုင်လိုက်တဲ့အကြံ အဒူတမီးလေးတုံး =P )

ဒါမန်းလေးက ၀တ်စုံအပြည့်နဲ့ ကျောင်းသွားဖို့ အဆင်သင့်ဖြစ်နေတဲ့ GTC ကျောင်းသူတစ်ဦး။ ကိုယ်နဲ့မသိတဲ့သူကို သွားရိုက်မိလို့ နစ်နာကြေးပြန်တောင်းရင် ပေးစရာ ပိုက်ပိုက် မရှိလို့ သူ့ကို မနည်းကို Model ထိုင်ခိုင်းရတယ်။ ကဲ.. မေတ္တာနဲ့ကူညီပေးတဲ့ Model မမရေ တိုင်းကျူးနော် :P

ဒီ post အတွက် ဒီသီချင်းကို အရမ်းလိုချင်လို့ ရှာနေတာကြာပီ… ဒီ သီချင်းရမှ post တင်မယ်လို့ စိတ်ပိုင်းဖြတ်ထားလို့… အရမ်းအလိုက်သိတဲ့.. ခင်ဖို့အရမ်းကောင်းတဲ့ သူငယ်ချင်းတွေကျေးဂျူးကြောင့် အောင်အောင်မြင်မြင်နဲ့ post တင်လို့ပီးတွားဒယ်… မရမက ရှာပေးကြသော…. ဗျို့…နောင်ကြီးးးးးးးး ၊ piyo နဲ့ ဘွန်းမ ရေ..…… ၀ါးဟားးဟားး..ရေခဲမုန့် တစ်ယောက်တစ်ချောင်း ကျွေးမယ်နော်.. တန်းစီပါ… =P


မောတွားလို့ တော်သေးပီ ဂျူဂျူး နားအုံးမည်.....